UTCC လို့ အတိုကောက် ခေါ်ကြတဲ့ University of the Thai Chamber of Commerce ကို 1940 ခုနှစ် တည်းက ထိုင်းနိုင်ငံရဲ့ ကုန်သည်ကြီးများအသင်းက ဦးစီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ စီးပွါးရေးဘာသာရပ်နဲ့ ပတ်သက်ရင် ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ တက္ကသိုလ် တစ်ခုလည်း ဖြစ်ပါတယ်။ သင်ကြားရေးပိုင်း မှာဆို iPad အပြင် Canva Pro, Microsoft Excel, Goodnotes Subscription စတာတွေကို သင်ထောက်ကူအနေနဲ့ အခမဲ့ ပေးသလို UTCC မှာ Exchange Program, Internship Program အခွင့်အလမ်းများစွာလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Double-degree ယူလိုသူများအနေနဲ့ Australia- University of Newcastleမှာ ထပ်မံ တက်ရောက်နိုင်ဦးမှာဖြစ်ပါတယ်။ UTCC မှာ ထူးခြားချက်ဆိုရင် Gender အားလုံးအသုံးပြုနိုင်မယ့် ‘All Gender Restroom’ ထားရှိပေးထားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ Gender Equality ကို အလေးထားပြီး ကွဲပြားမှုတွေကို Embrace လုပ်တဲ့အနေနဲ့ ထားရှိပေးထားတာ ဖြစ်ပါတယ်။ UTCC ရဲ့ Location ကလည်း ကျောင်းရဲ့ အားသာချက်တွေထဲက တစ်ခုပါ။ Bangkok City Centre နဲ့နီးတဲ့ Din Daeng မှာရှိတာဖြစ်လို့ မြို့ထဲ သွားရေးလာရေး လွယ်ကူအဆင်ပြေစေပါတယ်။
UTCC Undergraduate Program မှာဆိုရင်
Undergraduate ကျောင်းဝင်ခွင့် Requirements တွေအနေနဲ့
(1) Passport Copy
(2) High School certificate and transcript (or) GED (or) IGCSE
(3) Completed application form
(4) English Proficiency Test (If any) တွေလိုအပ်ပါတယ်။
Master Program မှာတော့
XMBA ကတော့ Management နဲ့ အလုပ် အကိုင်အတွေ့အကြုံ ရှိတဲ့သူတွေအတွက် ဖွင့်လှစ်ထားတာဖြစ်ပြီး မိမိအနေနဲ့ အတွေ့အကြုံ နယ်ပယ် ချင်းတူတဲ့ Classmates တွေနဲ့ business network ကိုချိတ်ဆက် ချဲ့ထွင်လို့ရပါတယ်။ XMBA မှာဆိုရင် Sat တစ်ရက်ပဲ တက်ရတာမို့လို့ ကျောင်းတက်ရင်းနဲ့ ထိုင်းမှာ အလုပ်ရှာလိုတဲ့သူတွေအတွက် အဆင်ပြေပါတယ်။
လုပ်ငန်းခွင်နဲ့ ရင်းနှီးကျွမ်းဝင်မှု အရမ်းမရှိသေးတဲ့ fresher များအတွက်ဆိုရင်တော့ Global MBA က ပိုသင့်လျော်ပါတယ်။ Business Foundation နဲ့ Theory ပိုင်းဆိုင်ရာတွေအပြင် Practical Training များရော ပါ၀င်တာကြောင့် လက်တွေ့ work life မှာ အသုံးဝင်လာမယ့် အတွေ့အကြုံ ပညာတွေ ရရှိမှာဖြစ်ပါတယ်။
Global MBA ကတော့ Weekdays တွေမှာ ညနေပိုင်းတွေပဲတက်ရတာမို့ တခြားတစ်ခုခုလုပ်ရင်းတက်မယ်လူငယ်တွေ အတွက် အဆင်ပြေစေမှာပါ။
Master Program အတွက် လိုအပ်ချက်တွေကတော့
လျှောက်ထားနိုင်သော Intake တွေကတော့ August Intake နဲ့ January Intake တွေပဲ ဖြစ်ပါတယ်။
Scholarship လျှောက်ထားလိုတဲ့ ကျောင်းသားတွေ အတွက်
(1) UTCC Rattanamongkol (full scholarship)
(2) UTCC Gold (Half scholarship)
(3) UTCC Silver (partial scholarship) စတဲ့ ပညာသင်ဆုတွေလည်း လျှောက်ထားနိုင်ပါတယ်။
ကျောင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ထပ်မံ သိရှိလိုပါက UniLinks Mentor နဲ့အတူ One-on-One Consultation ယူပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။