blog

တမူထူးခြားတဲ့ သင်ရိုးနည်းစနစ်တွေနဲ့ Tech ပိုင်း စိတ်ဝင်စားသူ Working Professional တို့အတွက် Harbour. Space

Written by UniLinks | Jan 22, 2025 9:12:59 AM

ဥရောပရဲ့  Stanford အလောင်းအလျာ” ရယ်လို့  Barcelona Media မှာ ဖော်ပြခြင်းခံရတဲ့  Harbour. Space  ဟာဆိုရင် စပိန်နိုင်ငံ Barcelona မြို့Campus ရဲ့ အခွဲအနေနဲ့  Bangkok မြို့ UTCC ကျောင်းဝင်းထဲမှာ 2018 ခုနှစ်က စတင် ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။ Harbour.Space မှာ ပုံမှန် တက္ကသိုလ်တွေလို  Thesis, Research တွေနဲ့ လုံးပန်းနေရမှာ မဟုတ်ဘဲ Project, Pitching တွေ နဲ့  မို့ လက်တွေ့သင်ယူမှုတွေ ပိုများပါတယ်။ 

 Final Exam ရယ်လို့ မရှိဘဲ   (၃)ပတ်ကြာ Module အလိုက်  သွားတဲ့ Academic System နဲ့အတူ Team Project တွေ လုပ်ရတာ ဖြစ်ပါတယ်။ နောက်ဆုံး Graduation အတွက်မှာတော့ မိမိ ဖန်တီးထားတဲ့ Start Up Project (သို့) မိမိ လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင် Project ကို Investors တွေ ရှေ့မှာ Pitch လုပ်ရတဲတာကြောင့် ကျောင်းပြီး ကိုယ်ပိုင် စီးပွားရေး တည်ထောင်လိုသူတွေအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် အခွင့်အရေး ပါပဲ။ 

သင်ပြပေးတဲ့ lecturers တွေဟာဆိုရင် Disney, NASA, Google, VOGUE စတဲ့ နာမည်ကြီး Brand တွေမှာ အလုပ်လုပ်နေတဲ့ Industry Experts တွေ ဖြစ်လို့  လုပ်ငန်းခွင် အထိအတွေ့ ကနေတဆင့် သင်ယူလိုတဲ့သူတွေအတွက်ဆို အရွေးမှန်စေမယ့် Learning Environment တစ်ခုပဲ ဖြစ်ပါတယ်။

Campus Facilities အားဖြင့် Classrooms, meeting rooms တွေနဲ့ quiet study areas၊ Kitchen, lounge တွေပါရှိတဲ့ Space.Bar ၊ အနားယူလို့ရမယ့် Zen-inspired area တွေရှိတဲ့အပြင်  UTCC facilities အားလုံး ကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ 

ရွေးချယ်နိုင်တဲ့ Major  တွေကတော့

  •  High Tech Entrepreneurship
  •  Interaction Design
  •  Computer Science
  •  Data Science
  •  Digital Marketing
  •  Cyber Security ဖြစ်ပြီး Cyber Security (Bachelor's Degree) ကလွဲရင် ကျန်တဲ့ Major တွေအနေနဲ့  Bachelor ရော Master ပါ တက်လို့ရပါတယ်။ 
နောက်တစ်ခုကတော့ Harbour. Space ကျောင်းသားတိုင်း Barcelona မှာရော Bangkok မှာပါ Exchange program အနေနဲ့ သွားတက်လို့လည်း ရပါသေးတယ်။ 

Master’s Degree Join တဲ့ သူတွေကတော့ 22900 EUR နဲ့ တစ်နှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။ 

Bachelor အတွက်ဆိုရင် တစ်နှစ်ကို 19950 EUR နဲ့ ၃ နှစ်တက်ရောက်ရမှာ ဖြစ်ပြီး ဘွဲ့ကတော့ UTCC ကရော Harbour.Space ကရော ပေးမယ့် Double Degree ရရှိမှာ ဖြစ်ပါတယ်။ တစ်နှစ်ကို Intake အားဖြင့် January, August (၂) ကြိမ် ခေါ်ယူလေ့ရှိပြီး Intake ၂ခုလုံးမှာ Scholarship လျှောက်ထားနိုင်မယ့် အခွင့်အရေးလည်း ရှိပါတယ်။ 

Scholarship ကို သပ်သပ် လျှောက်စရာ မလိုဘဲ ပုံမှန် Application form တင်ရင်း လိုအပ်တဲ့ Project, Portfolio တင်ပြရတာဖြစ်ပါတယ်။ ပုံမှန်ကျောင်းတွေမှာလို Scholarship Essay တွေရေးစရာမလိုပဲ ပထမအဆင့်မှာ Portfolio တင်ရပြီးတော့ ကိုယ့်ရဲ့ Portfolio က impressive ဖြစ်တယ်ဆိုရင် သူတို့က Interview ခေါ်မှာ ဖြစ်ပြီး ကိုယ်လျှောက်တဲ့ မေဂျာအလိုက် business idea တစ်ခုကိုချပြပေးရတာပဲ ဖြစ်ပါတယ်။

Harbour.Space မှာ တက်ဖို့ အသေးစိတ် စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ UniLinks မှာ Senior Student Mentor တွေနဲ့ One-on-One Free Consultation ရယူပြီး သိလိုရာကို ဆွေးနွေးနိုင်ပါတယ်။